ค้นหาแบบเจาะจง
สินค้าพร้อมประมูลและขาย 1,508 รายการ ปิด
မြန်မာဘာသာ။

JSSR AUCTION Co.,Ltd

JSSR  Auction ကုမ္ပဏီဟာ စက်ပစ္စည်းတွေနဲ့ ပက်သက်သည့်ဝန်ဆောင်မှု လုပ်ငန်းကိုလုပ်ကိုင်ခဲ့တာ နှစ်ပေါင်း (20) ကျော်ရှိသွားပါပြီ။ JSSR Auction ကုမ္ပဏီသည် ၀ယ်ယူသူမိတ်ဆွေလုပ်ငန်းရှင်များအတွက် စက်ပစ္စည်းအမျိုးမျိုးကို ရှာဖွေပေးခြင်း၊ပြုပြင်ပြောင်းလဲပေးခြင်းနှင့် ပို့ဆောင်ရေး ဆသည့်လုပ်ငန်းများကို ၀န်ဆောင်မှု ပေးပါသည်။ JSSR  Auction ကုမ္ပဏီကြီးဟာ ပေါင်းစည်းထားသည့်အဖွဲ့ ငယ် (3) ဖွဲ့ဖြင့် စုစည်းတည်ထောင် ထားပါသည်။ 

 

ပထမအဖွဲ့ကတော့ စက်ပစ္စည်းတွေကို လေလံတင်ရောင်းချပေးသည့် JSSR Auction ဖြစ်ပါသည်။ ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်မြို့၊ Bangna-Trad လမ်း ကီလိုမီတာ 32 (Km.32) နဲ့ ကီလိုမီတာ 35 (Km.35) မှာ တည်ရှိပါသည်။ ကီလိုမီတာ 35 (Km.35) ကတော့ အခွန်မဲ့ဇုန်လို့ခေါ်ပါသည် (သို့) Free Zone လို့လည်းခေါ်ဆိုနိုင်ပါသည်။

ဒုတိယအဖွဲ့ကတော့  ချွန်ဘူရီမြို့မှာတည်ရှိသည့် JSSR Machinery ဖြစ်ပါတယ်။ JSSR Machinery ဟာ စက်ပစ္စည်းတွေအတွက် သိုလှောင်ရုံဖြစ်သလို စက်တွေကို ပြုပြင်ပြောင်းလဲရေးအတွက် စက်ရုံလည်းဟုတ်ပါသည်။ ထို့အပြင် စက်တွေကို ၀ယ်ယူခြင်း၊ငှားရမ်းခြင်း၊ပြုပြင်ပြောင်းလဲခြင်း စသည့်ဝန်ဆောင်မှုတွေကိုလည်း လုပ်ဆောင်ပေးပါသည်။ နာက်ဆုံးအဖွဲ့ကတော့ ထိုင်းနိုင်ငံတစ်နိုင်ငံလုံးကို ပို့ဆောင်ရေးဝန်ဆောင်မှုပေးသည့် JSSR Transport ဖြစ် ပါတယ်။

JSSR Auction ကုမ္ပဏီသည် ထိုင်းနိုင်ငံမှာ အောင်မြင်ကျော်ကြားသည့်ကုမ္ပဏီကြီး တစ်ခု ဖြစ်ပါသည်။ စက်ပစ္စည်းတွေကို လေလံ တင်ရောင်းသည့်လုပ်ငန်းကို ရှေ့ဆောင်ခဲ့သည့် ကုမ္ပဏီဖြစ်သည်။ နိုင်ငံခြားမှတင်သွင်းလာသည့် အသုံးပြုထားပြီးဖြစ်သောစက်ပစ္စည်းတွေကို အနိမ့်ဈေး (Tender&Parade) သက်မှတ်ထားပြီး လေလံပွဲမှာရောင်းချပေးခြင်းရှိသလို အနိမ့်ဈေးသက်မှတ်မထားပဲ ရောင်းချသည့် ပစ္စည်းတွေလည်းရှိပါသည်။ လေလံပွဲကို 2000 ခုနှစ် ကစခဲ့ပြီး ယနေ့တိုင်အောင် လေလံပွဲကိုဆက်လက်ကျင်းပနေပါသည်။ အခုဆိုရင် JSSR Auction ကုမ္ပဏီဟာ ထိုင်းနိုင်ငံထဲမှာ အကြီးဆုံးဖြစ်သလို အာရှနိုင်ငံတွေထဲမှာလည်း အရှေ့ကနေ ဦးဆောင်သည့် ကုမ္ပဏီလည်းဖြစ်ပါတယ်။

JSSR Auction ရဲ့ဝန်ဆောင်မှုထုံးစံတွေကတော့ မှန်ကန်စွာဝန်ဆောင်မှုပေးသည်၊ ပွင့်လင်းသည်၊ လေလံပွဲရဲ့ရလဒ် တွေကို ပြန်လည်စစ်ဆေးနိုင်သည်။ ၀ယ်သူ၊လုပ်ငန်းရှင်တွေကိုယ်တိုင် ဈေးသတ်မှတ်ပြီး စက်ပစ္စည်းတွေကို စိတ်ကြိုက်ရွေးချယ် ၀ယ်ယူနိုင်အောင် ကမ္ဘာ့အနံ့က စက်ပစ္စည်း အမျိုးအစားတွေကို ရှာဖွေတင်သွင်းလာပြီး ရောင်းချပေးပါသည်။ လစဉ်တိုင်း ကုန်ပစ္စည်း အရေအတွက်အခု (၁,၀၀၀) ကျော်နီးပါးကို လေလံပွဲမှာတင်သွင်း ရောင်းချပေး ပါသည်။ လေလံပွဲမတိုင်မှီမှာ ၀ယ်ယူသောလုပ်ငန်းရှင်တွေ အဓိကလိုအပ်သော၊ မှန်ကန်သော စက်တွေကို ၀ယ်ယူနိုင်အောင် စက်ပစ္စည်းတွေကို စိတ်ကြိုက်စမ်းသပ်စစ်ဆေးနိုင်ပါသည်။ စက်ပစ္စည်းတွေကို စမ်သပ်စစ်ဆေးရာမှာ စက်ပညာတွေကို အခမဲ့ဝန်ဆောင်မှုပေးရန် စီစဉ်ထားပေးပါသည်။

 


JSSR Auction Yard

1. Km.32 (Local Zone) ပြည်တွင်းသုံး စက်အသစ်နှင့်အသုံးပြုပြီးထားသော ပစ္စည်းတွေ၊စက်တွေကိုလေလံတင်ရောင်းတဲ့နေရာဖြစ်ပါတယ်။ 

2. Km.35 (Free Zone) အခွန်မဲ့ဇုန်  ပြည်ပမှ တင်သွင်းလာသော ပစ္စည်းတွေ၊စက်တွေကို ကြမ်းခင်းဈေးမသတ်မှတ်ပဲ လေလံတင်ရောင်းတဲ့နေရာဖြစ်ပါတယ်။

 


JSSR လေလံအမျိုးအစား (3) ရှိပါသည်။

1. Parade Auction (စီတန်းလေလံ)  

"Parade" လေလံ (သို့) စီတန်းလေလံပွဲကို တစ်လ (2) ကြိမ်ကျင်းပပါသည်။ "Parade" လေလံပွဲမှာရောင်းချသည့် စက်ပစ္စည်းတွေဟာ အနိမ့်ဈေး (သို့) ကြမ်းခင်းဈေး သတ်မှတ်ထားချင်းမရှိပါ။ လူကြီးမင်းသို့ဝယ်လိုသောစက်တစ်ခုကိုကိုယ်တိုင်ဈေးသတ်မှတ်ပြီး တခြားဝယ်ယူသူတွေနဲ့ ဈေးပြိုင်ဝယ်ယူရမှာဖြစ်သည်။ ဒီလေလံကို “Online or Mobile Phone” ကနေတစ်ဆင့် တိုက်ရိုက် လေလံဆွဲယူနိုင်ပါသည်။
 
EXAMPLE: https://goo.gl/wXggxD


2. Daily Tender (နေ့စဉ် အိတ်ပိတ်လေလံ)   

“Daily Tender” မှာတင်ရောင်းသည့်စက်ပစ္စည်းတွေဟာ အနိမ့်ဈေး (သို့) ကြမ်းခင်းဈေး သတ်မှတ်ထားပါသည်။ ဒီဈေးပြိုင်ကမ်းလှမ်းစာအိတ်လေလံကို “Website” မှတစ်ဆင့် စက်ပစ္စည်းတွေကို လေလံဆွဲ ၀ယ်ယူရမှာဖြစ်သည်။
 
EXAMPLE: https://goo.gl/nEkQMy
 

 


3. JAPAN Proxy Bid  (ဂျပန်လေလံ)
"JAPAN Proxy Bid" အစီအစဉ်သည်။ ဂျပန်နိုင်ငံက လေလံကို မိမိကိုယ်တိုင်တိုက်ရိုက်ဆွဲလို့ရမဲ့အခွင့်အရေးအတွက် စီစဉ်ထားတာဖြစ်သည်။ ဒီ လေလံကို စိတ်ဝင်စားပါက JSSR ကိုစရန်ငွေသွင်းပြီး Website ပေါ်ကနေ ဈေးဝင်ပေးပြီး လေလံဝင်ဆွဲရမှာဖြစ်ပါသည်။ ၀ယ်ယူမဲ့ဈေးကို ဂျန်ပန်ရန်းငွေ (JPY) နဲ့သာဖြစ်သည် ထိုင်းနိုင်ငံ JSSR အရောက် ကုန်ကျစရိတ်အားလုံးပါတခါထဲ Website ထဲမှာတွက်ချက်ထားပေးပါသည်။ 
 

EXAMPLE: https://proxybid.jssr.co.th/index.php

 

 


လေလံဆွဲရန် နာမည်စာရင်းပေးသွင်းခြင်။

လေလံဆွဲသူအားလုံး အထောက်အထားဖြစ်သည့်စာရွက်စာတမ်းတွေကို နာမည်စာရင်းပေးရန် ပေးအပ်ရပါမည်။ လေလံဆွဲမဲ့ နိုင်ငံခြားသားတိုင်းကို ဘတ် 3 သိန်း (သို့) 10,000 USD စရန်ငွေအဖြစ်သတ်မှတ်ထားပါသည်။ လေလံမအောင်ခဲ့ပါက စရန်ငွေပြန်ပေးပါမည်။

အဘယ်ကြောင့်စရန်ငွေ ပေးသွင်းရသလဲ?

စရန်ငွေပေးသွင်းခြင်းဟာ ၀ယ်ယူသူတွေ လေလံပွဲမှာအနိုင်ရပြီး စက်ပစ္စည်းတွေကိုတကယ် ၀ယ်ယူသွားမည် ဆိုသည့်အနေနဲ့ အာမခံချက်ပေးခြင်းဖြစ်ပါသည်။ လေလံပွဲမှာ ပစ္စည်းမ၀ယ်ဖြစ်ဘူးဆိုရင် ဘာဝန်ဆောင်ခမှမဖြတ်တောက်ဘဲ စရန်ငွေပေးသွင်းထားတဲ့ငွေ ပမာဏအတိုင်း အပြည့်ပြန်ပေးပါမည်။

နောက်တစ်ဆင့်ကတော့ လေလံပွဲမှာရောင်းချသွားမည့်စက်ပစ္စည်းတွေက လက်ရှိ အခြေအနေအတိုင်း ရောင်းချပေးသောကြောင့် အာမခံချက်မပေးနိုင်ပါ။ ၀ယ်ယူပြီးပြန်လည်ရုပ်သိမ်းခွင့် လည်းမပြုပါ။ ထိုကြောင့် စက်ပစ္စည်းတွေကို မ၀ယ်ယူခင်မှာ မိမိကိုယ်တိုင် (သို့) ကျွမ်းကျင်သောစက်ပညာရှင်တွေနှင့် အရင်စမ်းသပ်စစ်ဆေးပါလို့ အကြံပြုပါသည်။ စက်ပစ္စည်းတွေကိုစမ်းသပ်စစ်ဆေးရန်အတွက် JSSR  ကုမ္ပဏီမှ လေလံပွဲမတိုင်မှီ ရက်သက်မှတ်ထားပေးပါသည်။ ဒါအပြင် စက်တွေကိုစမ်းသပ်စစ်ဆေးရန်အတွက် စက်ပည်ာရှင်များ အခမဲ့ဝန်ဆောင်မှုပေးရန်စီစဉ်ထားပါသည်။


 

 

 


FAVOURITE QUESTION

JSSR is Auction
Auction is JSSR
ANSWER QUESTION #4

Q&A